အဲဒီလို ဖိုင်တွေဖိုလ်ဒါတွေကို ကိုယ်ကလွဲပြီး တခြားသူတွေမမြင်နိုင်သလို ဖွင့်လို့လည်းမရနိုင်အောင်
ဆောင်ရွက်ပေးမယ့် ဆော့ဝဲတစ်ခုကို မျှဝေပေးချင်ပါတယ် ..
ဆော့ဝဲရဲ့နံမည်က Folder Lock ပါ .. နောက်ဆုံးထွက်ဗားရှင်းတွေရှိပေမယ့် ကျွန်တော်ကတော့ ဒီဗားရှင်းလေးကို တော်တော်သဘောကျလို့ ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုနေသလို သူငယ်ချင်းတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်တာပါ ..
ဒီဆော့ဝဲလေးက ကိုယ်သော့ခတ်ချင်တဲ့ ဖိုလ်ဒါတွေကို မြင်ကွင်းထဲကနေ ဖျောက်ထားပေးနိုင်တဲ့အပြင် Password သိမှလည်း ဖွင့်ကြည့်နိုင်မှာဖြစ်ပါတယ် ..
လုံခြုံမှုကိုစမ်းသပ်ချင်လို့ ကိုယ်ထင်ရာ Password တွေကို ရိုက်ထည့်ကြည့်နေမယ်ဆိုရင် သုံးခါအပြင်အမှားမခံပါဘူး .. Password သုံးခါမှားပြီး ရိုက်ထည့်ကြည့်မိတာနဲ့ "မင်းဟာ ပိုင်ရှင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခိုးယူဖို့ကြံနေတဲ့သူလို့ ယူဆပါတယ် .. ဒါကြောင့်မို့ မှန်ကန်တဲ့ Password ကိုရိုက်ထည့်ချင်ရိုက်ထည့်ပါ .. ဒါမှမဟုတ် ကွန်ပြူတာကို Restart ချပေးချင်ချပေးပါ .. အဲဒီနှစ်ခုအနက် တစ်ခုခုကိုလုပ်ပေးမှ ဒီကွန်ပြူတာထဲက တခြားသော Application တွေကိုပါ ဆက်လက်အသုံးပြုခွင့်ပေးပါမယ်" ဆိုတဲ့ သတိပေးစာတမ်းနဲ့အတူ ၀င်းဒိုးဟာ လုံးဝဆက်သုံးခွင့်မပေးပဲ Desktop ကြီးတစ်ခုလုံးကို လုံလုံခြုံခြုံနဲ့ ကာကွယ်ပေးထားတာကို တွေ့ရပါလိမ့်မယ် ..
ဒါဆိုရင် .. အဲဒီဆော့ဝဲကို တစ်ယောက်ယောက်က Uninstall လုပ်လိုက်ရင် သော့ခတ်ထားတဲ့ ဖိုလ်ဒါတွေ ဆုံးရှုံးသွားမှာလားလို့ မေးစရာတစ်ခုပေါ်လာပါမယ် ..
ဟုတ်ကဲ့ .. ကျွန်တော်လည်း စမ်းသပ်တဲ့အနေနဲ့ ဆော့ဝဲကို Uninstall လုပ်ကြည့်ပါသေးတယ် ..
"ပေးထားတဲ့ Password ကို မှန်ကန်အောင် မဖြည့်ပေးနိုင်လျှင် ဆော့ဝဲကို Uninstall လုပ်ခွင့် မပေးပါ " ဆိုတဲ့ စာတမ်းကြီး တက်လာပါလေရော ... ကဲ .. မိုက်တယ်နော် .. လုံသလားမမေးနဲ့ .. ဘယ်လိုမှကို ကြံလို့မရဘူး ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါဗျာ ..
ဒေါင်းလို့ပြီးပြီဆိုရင်တော့ ဇစ်ဖိုင်ကို ဖြည်လိုက်ရင် အထဲမှာ Notepad တစ်ခုနဲ့ exe ဖိုင်တစ်ဖိုင်ကို တွေ့ရပါလိမ့်မယ် ..
အဲဒီထဲက .. folder lock.exe ဖိုင်လေးကို Double Click နှိပ်ပြီး Install လုပ်လိုက်ပါ ..
Install လုပ်ပြီးသွားလို့ ဆော့ဝဲ စပြီး Run တာနဲ့ Box တစ်ခုတက်လာပါမယ် .. အဲဒီထဲက Log in ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံလေးပွင့်လာပါမယ် ..
Notepad ထဲမှာရေးထားတဲ့ User ID ရဲ့ နံမည်ကို ပေါ်လာတဲ့ထဲက User ID ဆိုတဲ့အကွက်ထဲမှာ ဖြည့်ပေးပါ .. Password ဆိုတဲ့ထဲက ဂဏန်းတွေကို Password ဆိုတဲ့ အကွက်မှာဖြည့်ပါ .. ပြီးရင် OK ကိုနှိပ်လိုက်တာနဲ့ Full Version ဖြစ်သွားပြီဆိုတဲ့ Box လေးတက်လာပါမယ် .. အဲဒီ Box ကိုပိတ်လိုက်ပါ ..
Desktop ပေါ်က Folder Lock အိုင်ကွန်လေးကို Double Click နှိပ်ပြီးဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
စပွင့်ပွင့်ချင်းတော့ အဲဒီထဲက OK ဆိုတဲ့နေရာမှာ Set ဆိုပြီးဖြစ်နေပါလမ့်မယ် .. Password မသတ်မှတ်ရသေးလို့ပါ .. Enter Password ဆိုတဲ့အကွက်မှာ ကိုယ်ပေးချင်တဲ့ Password ကိုရိုက်ထည့်ပြီး Set ကိုနှိပ်လိုက်ရင် ကိုယ့်ရဲ့ Password ကို Confirm လုပ်ခိုင်းဖို့နောက်ထပ် Password ထည့်စရာ ထပ်ပွင့်လာပါမယ် .. အရင်ထည့်ထားတဲ့ ကိုယ့်ရဲ့ Password အတိုင်းပဲ မလွဲအောင်ပြန်ရိုက်ထည့်ပေးလိုက်ရင် .. အောက်ကပုံအတိုင်းပွင့်လာပါမယ် ..(တခြား Box လေးတွေတက်လာရင်လည်း OK တို့ Close တို့ကိုနှိပ်ပေးလိုက်ပါ)
အဲဒီထဲက .. Browse ကိုနှိပ်လိုက်ရင် လော့ချမယ့်ဖိုလ်ဒါပွင့်လာပါမယ် .. အဲဒီထဲကို ကိုယ်လော့ချချင်တဲ့ ဖိုင် .. ဒါမှမဟုတ် ဖိုလ်ဒါ တွေကို ဆွဲထည့်လိုက်ရုံပါပဲ .. ပြီးရင် အဲဒီပွင့်နေတဲ့ Box ကိုပိတ်လိုက်ပါ ..
ပုံထဲမှာပါတဲ့ Lock ကိုနှိပ်လိုက်တာနဲ့ ကိုယ့်ထည့်လိုက်တဲ့ဖိုင်တွေ ဖိုလ်ဒါတွေကို သော့ခတ်သိမ်းဆည်းပြီးသားဖြစ်သွားပါမယ် ..
အဲဒီဖိုင်တွေကိုကြည့်ချင်တဲ့အခါ Folder Lock အိုင်ကွန်လေးကို Double Click နှိပ်ပြီးဖွင့် ကိုယ်ပေးထားတဲ့ Password ကိုထည့်ပေးလိုက်တာနဲ့ ကိုယ်သိမ်းထားတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေပွင့်လာမှာဖြစ်ပါတယ် ..
ကဲ .. သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေဗျာ
No comments:
Post a Comment