Windows ရဲ့ကျန်းမာရေးကို ကိုယ်တိုင်စစ်ဆေးဖြေရှင်းနည်း




ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို နေ့စဉ်သုံးစွဲနေရင်း ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့မသိလိုက်တဲ့ Error တွေ တစ်နေ့တစ်ခြား များပြားလာတတ်ပါတယ် ..
System နဲ့မဆိုင်တဲ့ Error တွေဆိုရင် Window အတွက် ပြဿနာမရှိပေမယ့် .. Windows နဲ့ဆိုင်တဲ့ Error တွေဆိုရင်တော့ နောက်ဆုံးမှာ Windows ပြုတ်ကျတာမျိုး .. ကျွန်တော်တို့သိမ်းဆည်းထားတဲ့ Data တွေ ဆုံးရှုံးရတာမျိုးတွေကို မထင်မှတ်ပဲ ကြုံတွေ့ရတတ်ပါတယ် ..
ကျွန်တော်အခု မျှဝေပေးမယ့်နည်းကတော့ ကျွန်တော်တို့ရဲ့ Windows ထဲမှာရှိနေတဲ့ Windows ဆိုင် Error တွေကို အလွယ်ကူဆုံး ဖြေရှင်းလို့ရမယ့် နည်းလေးတစ်ခုဖြစ်ပါတယ် ..
ဒီနည်းကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ပြုပြင်မယ့် Windows နဲ့ တူညီတဲ့ Windows driver ခွေလေးတစ်ခွေတော့ အဆင်သင့် ရှိထားရပါမယ် ..

အဆင့်(၁) Windows ရဲ့ Run ကိုခေါ်လိုက်ပါ .. ( Window အမျိုးအစားပေါ်မူတည်ပြီး Run Box ခေါ်တာ ကွဲပြားပါတယ် .. Windows 7 မှာတော့ Start ကိုနှိပ်လိုက်တာနဲ့ Run Box ပေါ်လာမှာဖြစ်ပါတယ် .. ကျန်တဲ့ Windows တွေကိုတော့ ကီးဘုဒ်ပေါ်မှာရှိတဲ့ Window Logo ကီးလေးနဲ့ R ကီးလေးကို တွဲနှိပ်ပေးရင် Run Box ပေါ်လာမှာဖြစ်ပါတယ် ..)
အဆင့်(၂) Run Box ထဲမှာ sfc /scannow လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ ( sfc နဲ့ / ကြားမှာ Space bar တစ်ချက်ခြားပေးရမှာဖြစ်ပါတယ်)
အဆင့်(၃) အဲဒီလိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပြီဆိုရင် Command Prompt လေးတက်လာပြီး သူ့အလိုလို Window Error တွေကို စစ်ဆေးနေပါလိမ့်မယ် .. စစ်ဆေးမှု 100% ဖြစ်သွားတဲ့အခါ Windows မှာ Error ရှိနေရင် Box တစ်ခုတက်လာပါလိမ့်မယ် .. အဲဒီအခါ CD/DVD drive ထဲကို Windows Driver ခွေကိုထည့်ပေးပြီး Retry ဆိုတဲ့ Tab လေးကိုနှိပ်ပေးလိုက်ပါ .. အဲဒီအခါ Windows မှာလိုအပ်နေတဲ့ ဖိုင်တွေကို ကူးယူပြီး Error တက်နေတဲ့ဖိုင်တွေကိုလည်း သူ့အလိုလို အစားထိုးပေးသွားပါလိမ့်မယ် ..
နောက်ဆုံးမှာတော့ Restart ချပေးပြီးတဲ့အခါ .. ကျွန်တော်တို့ရဲ့ Windows ဟာ Error ကင်းကင်းနဲ့ ဆက်လက်ပြီး Run နေနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ် ..

Opera Browser မှာ မြန်မာဖောင့်ပြဿနာဖြေရှင်းနည်း


Opera Browser မှာ မြန်မာလိုပေါ်အောင် လုပ်ရခက်တယ်ဆိုလို့ ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ် .. ဘယ် Setting မှာမှ သွားပြီး ချိန်ညှိနေစရာ မလိုပါဘူး ..ကိုယ့်စက်ထဲမှာတော့ Opera Browser ကို install လုပ်ထားပြီးသား ဖြစ်နေရပါမယ် .. Browser ကိုလည်း ဖွင့်ထားပေးပါ ...

Mozilla Browser တွင် error ရှင်းအောင် ပြုပြင်နည်း


ကျွန်တော်တို့နိုင်ငံမှာ အသုံးများတဲ့ Mozilla Browser ကို အမှားကင်းကင်းနဲ့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် .. ကျွန်တော်တို့ သူ့ကို အသုံးပြုခဲ့တဲ့ ကာလတလျောက်လုံးမှာ ကျွန်တော်တို့မသိဘဲ ဖြစ်ပေါ်နေတဲ့ ERROR တွေကို ရှင်းပေးဖို့လိုပါတယ် ..
အဲဒီလိုမလုပ်မိဘဲ သုံးနေမိမယ်ဆိုရင် အင်တာနက်အသုံးပြုရတာ တစ်နေ့တစ်ခြား လေးလံလာတတ်ပါတယ် .. Error loading page တွေ Problem loading page တွေလိုများ အင်တာနက် Website တွေဖွင့်လိုက်တိုင်း ပြဿနာတွေ တက်တက်နေတတ်ပါတယ် .. အဲဒီလိုမျိုး Error တွေ ကြုံတွေ့နေရပြီဆိုရင်တော့ သူငယ်ချင်းတို့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း ပြုပြင်ပေးလိုက်ပါ ... အဲဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Mozilla Browser ဟာ အသစ်အတိုင်းပကတိ ပြန်ဖြစ်သွားပြီး မြန်ဆန်သွက်လက်လာမှာ ဖြစ်ပါတယ် ..
ကဲ .. စလိုက်ကြရအောင် ..
၁။ သူငယ်ချင်းတို့ရဲ့ run မှာ %TEMP% လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ .. အဲဒီအခါ Roaming ဆိုတဲ့ Folder လေး ပွင့်လာမှာဖြစ်ပါတယ်
၂။ အဲဒီပွင့်လာတဲ့ Folder ထဲက Mozilla ဆိုတဲ့ Folder ကို ကလစ်ပေးလိုက်ပါ .. ပြီးရင် Shift ကီးနဲ့ Delete ကီးကို တွဲပြီးနှိပ်ပေးလိုက်ပါ .. အဲဒီ Mozilla folder ဟာ recycle bin ထဲမှာတောင် မကျန်အောင် လုံးဝ ပျက်သွားပါလိမ့်မယ် ..
၃။ ပြီးရင်တော့ Task bar မှာ ရှိနေတဲ့ Mozilla အိုင်ကွန်ကိုဖွင့်ပေးလိုက်ပါ .. လိုအပ်တဲ့ Setting တွေနဲ့ Add on တွေကို Mozilla အသစ်ကိုလုပ်ဆောင်သလိုပဲ ပြန်လုပ်ပေးလိုက်ပါ ..
အားလုံးပြီးရင်တော့ သူငယ်ချင်းတို့ရဲ့ Mozilla Firefox Browser ဟာ သူငယ်ချင်းတို့ ဖွင့်ချင်တဲ့ Website တွေကို သစ်လွင်မြန်ဆန်စွာနဲ့ ကူညီဖွင့်လှစ်ပေးသွားတာကို တွေ့ရပါလိမ့်မယ် ..

အားလုံးကို ခင်မင်လေးစားလျှက်
ဇော်မျိုး (Double Star - ကသာမြို့)