Recycler Virus ကိုရှင်းပေးမယ့် ဆော့ဝဲ


Recycler Virus ဆိုတာ များသောအားဖြင့် Memory Stick လိုမျိုး Flash Drive တွေကနေ အများဆုံး ကူးလေ့ရှိတဲ့ Virus တစ်မျိုးပါ ..

အဲဒီဗိုင်းရပ်စ် ရှိလာပြီဆိုရင် ရှင်းလင်းရတာ တော်တော်စိတ်လေစရာကောင်းပါတယ် ..

သူ့ကိုရှင်းဖို့ဆိုရင် MSE လိုဆော့ဝဲမျိုးတွေကို Updated ဖြစ်နေအောင်လုပ်ထားပြီးမှ ရှင်းလင်းပေးနိုင်ပါ  တယ် ..

Stick ထဲမှာတော့ Recycler ဆိုတဲ့ Folder တစ်ခုအဖြစ်ကိုယ်ပိုင်တည်ဆောက်ပြီး အရံဖိုင်တွေအဖြစ် Copy of shortcut (1) .... ဆိုပြီး နံပါတ်စဉ်တွေနဲ့ အခိုင်အမာ နေလေ့ရှိတဲ့ ဗိုင်းရပ်တစ်မျိုးပါ ..

Android သုံးတဲ့ ဘော်ဘော်တွေအတွက် Facebook ဆော့ဝဲလေး



ဒီနေ့တော့ Android ဖုန်းသုံးတဲ့ သူငယ်ချင်းတွေအတွက် Facebook Application လေးကို မျှဝေပေးလိုက်ပါတယ် ..
ဒီဆော့ဝဲလေးက Android ဖုန်းပေါ်ကနေ Facebook ကိုသုံးတဲ့အခါ တခြား Application တွေထက်ပိုပြီး
မြန်ဆန်ကောင်းမွန်တဲ့အပြင် .. ကွန်ပြူတာနဲ့ သုံးနေရသလိုပဲ .. မြင်ကွင်းတွေရော Tools တွေပါ အဆင်ပြေပြီး ကျေနပ်နှစ်သက်စရာကောင်းတာကိုတွေ့ရပါလိမ့်မယ် ..
လိုချင်တဲ့သူငယ်ချင်းမှာ အောက်မှာ ဒေါင်းယူလိုက်ပါ..

Double Star ဘလော့ကို ဖုန်းကနေ အလွယ်တကူ ဖွင့်ပြီးဖတ်မယ်


ဒီနေ့တော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေအတွက် .. ကျွန်တော့်ရဲ့ဘလော့ကို ဖုန်းတွေကနေ တိုက်ရိုက်ဝင်ဖတ်လို့ရမယ့် Application ဖိုင်လေးကို မျှဝေပေးလိုက်ပါတယ် ...

လူကြိုက်များတဲ့ Android ဂိမ်းလေးတစ်ခုပါ


Android ဖုန်းသုံးတဲ့ သူငယ်ချင်းတွေအတွက် လူကြိုက်များတဲ့ ဂိမ်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ် ..
ဖုန်းဆိုင်တွေမှာလည်း တော်တော်ရောင်းကောင်းတဲ့ ဂိမ်းလေးတစ်ခုပါ ..
Happy World တို့လို Play Center ကြီးတွေမှာ Coin တွေဝယ်ပြီး ကစားရတဲ့ ဂိမ်းပါ ..
အခုတော့ အဲဒီဂိမ်းကို သူငယ်ချင်းတို့ရဲ့ ဖုန်းပေါ်မှာပဲ တ၀ ကြီး ကစားလို့ရပါပြီ ..

လုပ်ဆောင်ချက်တွေနှေးနေတဲ့ ကွန်ပြူတာကို မြန်နှုန်းတိုးပြီး ခိုင်းမယ်


ကျွန်တော်အခုမျှဝေပေးမယ့်ဆော့ဝဲလေးကတော့ ကွန်ပြူတာကို မြန်နှုန်းမြှင့်ပြီး လုပ်ဆောင်ချက်တွေကို သွက်လက်စေမယ့်ဆော့ဝဲလေးပါ ..
တစ်ကယ်တော့ ဒီဆော့ဝဲလေးက CPU ရဲ့ အလုပ်လုပ်နှုန်းကို ကိုယ်လိုသလောက် တိုးမြှင့်ပြီး ခိုင်းစေတာဖြစ်တဲ့အတွက် CPU နိမ့်တဲ့ကွန်ပြူတာတွေမှာတော့ မသုံးသင့်ပါဘူး ..
Default ဖြစ်နေတဲ့ CPU ရဲ့မြန်နှုန်းကို ဆော့ဝဲသုံးပြီး တိုးမြှင့်ခိုင်းလိုက်တာဖြစ်တဲ့အတွက် CPU နိမ့်တဲ့ ကွန်ပြူတာတွေဆိုရင်တော့ Hang သွားတတ်ပါတယ် .. အဲဒီလိုဖြစ်သွားရင်တော့ Restart ပေးလိုက်မှ Normal ပြန်ဖြစ်သွားမှာပါ ..
စမ်းသုံးကြည့်ချင်တယ်ဆိုတော့ အောက်မှာဒေါင်းလိုက်ပါ

ဖိုင်တွေကို ကော်ပီကူးတဲ့နေရာမှာ အံသြစရာကောင်းလောက် မြန်တဲ့ Super Copier


ကွန်ပြူတာကို အသုံးပြုနေတဲ့သူငယ်ချင်းတို့တွေဟာ ဖိုင်မျိုးမျိုးကို တစ်နေရာကနေ တစ်နေရာကို ကော်ပီကူးတယ်ဆိုတာ မကြာခဏ ဆောင်ရွက်နေကျ ကိစ္စမျိုးဖြစ်ပါတယ် ..
ဖိုင်ဆိုဒ်သေးရင် သိပ်မသိသာပေမယ့် ဖိုင်ဆိုဒ်ကြီးကြီးကို ကော်ပီကူးတဲ့အခါမှာ အချိန်တော်တော်ပေးရရင် စိတ်ညစ်စရာကောင်းပါတယ် ..
ဒါကြောင့်မို့ ဖိုင်တွေကို ကော်ပီကူးတဲ့နေရာမှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်စေတဲ့ ဆော့ဝဲလေးတစ်ခုကို သူငယ်ချင်းတို့အတွက် မျှဝေပေးလိုက်ပါတယ် .. ကော်ပီကူးတဲ့နေရာမှာတော့ ပုံမှန် နာရီဝက်လောက်ကြာအောင် ကူးရတဲ့ဖိုင်တစ်ခုကို 5 မိနစ်အတွင်း အပြီးကူးပေးနိုင်တဲ့ ဆော့ဝဲလေးပါ ..

လိုချင်တယ်ဆိုရင်တော့ ဒီမှာနှိပ်ပြီး ဒေါင်းလိုက်ပါ ..

ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် အထဲမှာပါတဲ့ exe ဖိုင်ကို Run လိုက်ပါ .. install လုပ်လို့ပြီးသွားရင် Restart တောင်းပါလိမ့်မယ် .. OK ပေးလိုက်ပါ ..
သူ့ကို install လုပ်ပြီးတဲ့အချိန်ကစပြီး ဘယ်ဖိုင်ကို ကော်ပီကူးတာပဲဖြစ်ဖြစ် အဲဒီ Program က သူ့အလိုလိုဝင်ပြီး အလုပ်လုပ်သွားပါလိမ့်မယ် .. Key ဖြည့်စရာမလို Register လုပ်စရာမလိုတဲ့ Full Version ဆော့ဝဲလေးမို့ သူငယ်ချင်းတို့အတွက် အချိန်ပြည့်အထောက်အကူပြုပေးနေမယ် ဆော့ဝဲလေးဖြစ်တယ် ..

Windows ရဲ့ကျန်းမာရေးကို ကိုယ်တိုင်စစ်ဆေးဖြေရှင်းနည်း




ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို နေ့စဉ်သုံးစွဲနေရင်း ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့မသိလိုက်တဲ့ Error တွေ တစ်နေ့တစ်ခြား များပြားလာတတ်ပါတယ် ..
System နဲ့မဆိုင်တဲ့ Error တွေဆိုရင် Window အတွက် ပြဿနာမရှိပေမယ့် .. Windows နဲ့ဆိုင်တဲ့ Error တွေဆိုရင်တော့ နောက်ဆုံးမှာ Windows ပြုတ်ကျတာမျိုး .. ကျွန်တော်တို့သိမ်းဆည်းထားတဲ့ Data တွေ ဆုံးရှုံးရတာမျိုးတွေကို မထင်မှတ်ပဲ ကြုံတွေ့ရတတ်ပါတယ် ..
ကျွန်တော်အခု မျှဝေပေးမယ့်နည်းကတော့ ကျွန်တော်တို့ရဲ့ Windows ထဲမှာရှိနေတဲ့ Windows ဆိုင် Error တွေကို အလွယ်ကူဆုံး ဖြေရှင်းလို့ရမယ့် နည်းလေးတစ်ခုဖြစ်ပါတယ် ..
ဒီနည်းကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ပြုပြင်မယ့် Windows နဲ့ တူညီတဲ့ Windows driver ခွေလေးတစ်ခွေတော့ အဆင်သင့် ရှိထားရပါမယ် ..

အဆင့်(၁) Windows ရဲ့ Run ကိုခေါ်လိုက်ပါ .. ( Window အမျိုးအစားပေါ်မူတည်ပြီး Run Box ခေါ်တာ ကွဲပြားပါတယ် .. Windows 7 မှာတော့ Start ကိုနှိပ်လိုက်တာနဲ့ Run Box ပေါ်လာမှာဖြစ်ပါတယ် .. ကျန်တဲ့ Windows တွေကိုတော့ ကီးဘုဒ်ပေါ်မှာရှိတဲ့ Window Logo ကီးလေးနဲ့ R ကီးလေးကို တွဲနှိပ်ပေးရင် Run Box ပေါ်လာမှာဖြစ်ပါတယ် ..)
အဆင့်(၂) Run Box ထဲမှာ sfc /scannow လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ ( sfc နဲ့ / ကြားမှာ Space bar တစ်ချက်ခြားပေးရမှာဖြစ်ပါတယ်)
အဆင့်(၃) အဲဒီလိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပြီဆိုရင် Command Prompt လေးတက်လာပြီး သူ့အလိုလို Window Error တွေကို စစ်ဆေးနေပါလိမ့်မယ် .. စစ်ဆေးမှု 100% ဖြစ်သွားတဲ့အခါ Windows မှာ Error ရှိနေရင် Box တစ်ခုတက်လာပါလိမ့်မယ် .. အဲဒီအခါ CD/DVD drive ထဲကို Windows Driver ခွေကိုထည့်ပေးပြီး Retry ဆိုတဲ့ Tab လေးကိုနှိပ်ပေးလိုက်ပါ .. အဲဒီအခါ Windows မှာလိုအပ်နေတဲ့ ဖိုင်တွေကို ကူးယူပြီး Error တက်နေတဲ့ဖိုင်တွေကိုလည်း သူ့အလိုလို အစားထိုးပေးသွားပါလိမ့်မယ် ..
နောက်ဆုံးမှာတော့ Restart ချပေးပြီးတဲ့အခါ .. ကျွန်တော်တို့ရဲ့ Windows ဟာ Error ကင်းကင်းနဲ့ ဆက်လက်ပြီး Run နေနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ် ..

Skype အသုံးပြုနည်း pdf လေးပါ

Skype အသုံးပြုချင်တဲ့သူငယ်ချင်းတွေ .. Skype အသုံးပြုချင်တဲ့သူငယ်ချင်းတွေအတွက် Skype ကို စနစ်တကျနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ Skype အသုံးပြုနည်းစာအုပ်လေးကို မျှဝေပေးလိုက်ပါတယ်တယ်ဗျာ ..

Window 7 ကို ကိုယ်တိုင်တင်ချင်သူတွေအတွက်

Window 7 ကို တင်တဲ့နေရာမှာ အဆင်ပြေပြေနဲ့ အမှားကင်းကင်း တင်ချင်တယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ Window 7 ကို ကိုယ်တိုင်တင်ချင်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက် Window 7 တင်နည်း pdf စာအုပ်လေးကို တင်ပေးလိုက်ပါတယ် ..

Desktop ပေါ်မှာ ငါးမွေးမယ်

သူငယ်ချင်းတို့ရဲ့ Desktop ရဲ့ Background မှာ ပုံရိပ်သေတွေကိုပဲ အချိန်ပြည့်တင်ထားရတာ အမြင်ရိုးနေတယ်လို့ မခံစားရဘူးလား ..
တကယ်လို့ အဲဒီလိုခံစားရတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ ဆော့ဝဲလေးကို ဒေါင်းလိုက်ပါ.. ပြီးရင် ရလာတဲ့ kissinggouriami.exe ဖိုင်လေးကို Double click နှိပ်ပြီး run ပေးလိုက်ပါ ..

Desktop ပေါ်မှာ ငှက်ကလေးမွေးထားရအောင်

သူငယ်ချင်းတို့ရဲ့ Desktop ရဲ့ Background မှာ ရုပ်သေပုံတွေကိုပဲ တင်ထားမယ့်အစား အမြင်လေးဆန်းသွားအောင် .. ပျံသန်းလှုပ်ရှားနေတဲ့ ငှက်ကလေးဖန်တီးပေးမယ် ဆော့ဝဲလေးကို မျှဝေပေးလိုက်ပါတယ် ..
ဒေါင်းလို့ရလာတဲ့ Zip ဖိုင်လေးကိုဖြည်ပေးပြီး ရလာတဲ့ kingfisher.exe ဖိုင်လေးကို Double click နှိပ်ပြီး

Desktop ပေါ်မှာ နှင်းဆီပင်လေး စိုက်ကြရအောင်

Desktop ပေါ်က Background ပုံတွေကို ရုပ်သေတွေထားမယ့်အစား လှုပ်ရှားယိမ်းနွဲ့နေတဲ့ နှင်းဆီပင်လေးတစ်ပင်ကို သူငယ်ချင်းတို့ကိုယ်တိုင် စိုက်ပျိုးနိုင်ဖို့ .. ဆော့ဝဲလေးတစ်ခု မျှဝေပေးလိုက်ပါတယ် ..
ဒေါင်းလို့ရလာတဲ့ Zip ဖိုင်လေးကိုဖြည်လိုက်ပြီး

Charactar Map ဆိုဒ်အကြီးကို သုံးလိုတဲ့ သူငယ်ချင်းများအတွက်

Window စနစ်ထဲမှာပါလာတဲ့ Charactar Map က ဆိုဒ်သေးတဲ့အတွက် အသုံးလိုတဲ့အချိန်မှာ အလွယ်တကူ ကြည့်ဖို့ ခက်ခဲတတ်ပါတယ် .. ဒါကြောင့် .. Character Map ဆိုဒ်အကြီးကို အသုံးပြုချင်တဲ့ သူငယ်ချင်းတွေအတွက် အောက်မှာတင်ပေးလိုက်ပါတယ် ..
အောက်ကလင့်မှာ ဒေါင်းလို့ရလာတဲ့ Zip ဖိုင်လေးကိုဖြည်ပြီး ရလာတဲ့ exe ဖိုင်လေးကို

Website တစ်ခုလုံးကို ဒေါင်းယူထားပြီး Offline လေ့လာလိုသူများအတွက်

ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ Online မှာ နည်းပညာတွေလေ့လာရင်း Website တွေထဲမှာ လှည့်ပတ်ပညာဆည်းပူးလေ့ရှိပါတယ် .. ဒါပေမယ့် ကွန်နက်ရှင်မကောင်းတဲ့ အချိန်မျိုးဆိုရင်တော့ Website တွေကိုဖွင့်ဝင်တဲ့နေရာမှာ အခက်အခဲလေးတွေရှိလာတတ်ပါတယ် .. အဲဒီလိုအချိန်မျိုးမှာ အင်တာနက် ကွန်နက်ရှင်မလိုပဲ Website တွေကို Offline အဖြစ်လေ့လာနိုင်ဖို့ အဲဒီ Website တွေကို Download လုပ်ယူထားနိုင်မယ်ဆိုရင် အဆင်ပြေပါတယ် .. ဒီတော့ ကျွန်တော်က သူငယ်ချင်းတို့ကို အဲဒီပြဿနာကို အဆင်ပြေစေမယ့် ဆော့ဝဲလေးတစ်ခုကို မျှဝေပေးချင်ပါတယ် .. အဲဒီဆော့ဝဲလေးက Website ကြီးတစ်ခုလုံးကို Download လုပ်ပြီးယူတဲ့နေရာမှာ အဆင်ပြေစေမှာဖြစ်ပါတယ် ..

Opera Browser မှာ မြန်မာဖောင့်ပြဿနာဖြေရှင်းနည်း


Opera Browser မှာ မြန်မာလိုပေါ်အောင် လုပ်ရခက်တယ်ဆိုလို့ ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ် .. ဘယ် Setting မှာမှ သွားပြီး ချိန်ညှိနေစရာ မလိုပါဘူး ..ကိုယ့်စက်ထဲမှာတော့ Opera Browser ကို install လုပ်ထားပြီးသား ဖြစ်နေရပါမယ် .. Browser ကိုလည်း ဖွင့်ထားပေးပါ ...

ဓာတ်ပုံလည်း ကလိချင်တယ် Photoshop လည်း မကျွမ်းကျင်ဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက်


ဓာတ်ပုံလေးတွေကို ကလိလည်းကလိချင်တယ် Photoshop လည်း မသုံးတတ်ဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဆော့ဝဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..
အဲဒီဆော့ဝဲလေးကတော့ Magic Photo Editor ပါ .. ဒီဆော့ဝဲလေးရဲ့ လန်းချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် ..

Android ဖုန်းတွေအတွက် Quick Cleaner ဆော့ဝဲ


Android ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် .. Quick Cleaner (apk) ဆော့ဝဲလေးပါ .. ဖုန်းထဲမှာ install လုပ်ပြီး သူ့ကို run ပေးလိုက်ရုံနဲ့ ဖုန်းထဲမှာ ရှိနေတဲ့ Cache တွေ error တွေ Call Log တွေ Message တွေစတဲ့ ဖုန်းစနစ်ကိုလေးလံစေမယ့် အရာတွေအားလုံးကို ရှင်းလင်းပေးမယ့်  အသုံးဝင်တဲ့ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ ...

Download >>> ဒီမှာနှိပ်ပါ <<<

Android ဖုန်းတွေအတွက် Wifi Recovery ဆော့ဝဲ


Android ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Wifi Recovery (apk) ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ် .. ဖုန်းထဲမှာ install လုပ်ပြီး သူများလွှင့်ထားတဲ့ Wifi ရဲ့ Password ကို Auto ရှာဖွေပေးပါလိမ့်မယ် ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ ..

Download >>> ဒီမှာဒေါင်းပါ <<<

Mozilla Browser တွင် error ရှင်းအောင် ပြုပြင်နည်း


ကျွန်တော်တို့နိုင်ငံမှာ အသုံးများတဲ့ Mozilla Browser ကို အမှားကင်းကင်းနဲ့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် .. ကျွန်တော်တို့ သူ့ကို အသုံးပြုခဲ့တဲ့ ကာလတလျောက်လုံးမှာ ကျွန်တော်တို့မသိဘဲ ဖြစ်ပေါ်နေတဲ့ ERROR တွေကို ရှင်းပေးဖို့လိုပါတယ် ..
အဲဒီလိုမလုပ်မိဘဲ သုံးနေမိမယ်ဆိုရင် အင်တာနက်အသုံးပြုရတာ တစ်နေ့တစ်ခြား လေးလံလာတတ်ပါတယ် .. Error loading page တွေ Problem loading page တွေလိုများ အင်တာနက် Website တွေဖွင့်လိုက်တိုင်း ပြဿနာတွေ တက်တက်နေတတ်ပါတယ် .. အဲဒီလိုမျိုး Error တွေ ကြုံတွေ့နေရပြီဆိုရင်တော့ သူငယ်ချင်းတို့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း ပြုပြင်ပေးလိုက်ပါ ... အဲဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Mozilla Browser ဟာ အသစ်အတိုင်းပကတိ ပြန်ဖြစ်သွားပြီး မြန်ဆန်သွက်လက်လာမှာ ဖြစ်ပါတယ် ..
ကဲ .. စလိုက်ကြရအောင် ..
၁။ သူငယ်ချင်းတို့ရဲ့ run မှာ %TEMP% လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ .. အဲဒီအခါ Roaming ဆိုတဲ့ Folder လေး ပွင့်လာမှာဖြစ်ပါတယ်
၂။ အဲဒီပွင့်လာတဲ့ Folder ထဲက Mozilla ဆိုတဲ့ Folder ကို ကလစ်ပေးလိုက်ပါ .. ပြီးရင် Shift ကီးနဲ့ Delete ကီးကို တွဲပြီးနှိပ်ပေးလိုက်ပါ .. အဲဒီ Mozilla folder ဟာ recycle bin ထဲမှာတောင် မကျန်အောင် လုံးဝ ပျက်သွားပါလိမ့်မယ် ..
၃။ ပြီးရင်တော့ Task bar မှာ ရှိနေတဲ့ Mozilla အိုင်ကွန်ကိုဖွင့်ပေးလိုက်ပါ .. လိုအပ်တဲ့ Setting တွေနဲ့ Add on တွေကို Mozilla အသစ်ကိုလုပ်ဆောင်သလိုပဲ ပြန်လုပ်ပေးလိုက်ပါ ..
အားလုံးပြီးရင်တော့ သူငယ်ချင်းတို့ရဲ့ Mozilla Firefox Browser ဟာ သူငယ်ချင်းတို့ ဖွင့်ချင်တဲ့ Website တွေကို သစ်လွင်မြန်ဆန်စွာနဲ့ ကူညီဖွင့်လှစ်ပေးသွားတာကို တွေ့ရပါလိမ့်မယ် ..

အားလုံးကို ခင်မင်လေးစားလျှက်
ဇော်မျိုး (Double Star - ကသာမြို့)