လုပ်ဆောင်ချက်တွေနှေးနေတဲ့ ကွန်ပြူတာကို မြန်နှုန်းတိုးပြီး ခိုင်းမယ်


ကျွန်တော်အခုမျှဝေပေးမယ့်ဆော့ဝဲလေးကတော့ ကွန်ပြူတာကို မြန်နှုန်းမြှင့်ပြီး လုပ်ဆောင်ချက်တွေကို သွက်လက်စေမယ့်ဆော့ဝဲလေးပါ ..
တစ်ကယ်တော့ ဒီဆော့ဝဲလေးက CPU ရဲ့ အလုပ်လုပ်နှုန်းကို ကိုယ်လိုသလောက် တိုးမြှင့်ပြီး ခိုင်းစေတာဖြစ်တဲ့အတွက် CPU နိမ့်တဲ့ကွန်ပြူတာတွေမှာတော့ မသုံးသင့်ပါဘူး ..
Default ဖြစ်နေတဲ့ CPU ရဲ့မြန်နှုန်းကို ဆော့ဝဲသုံးပြီး တိုးမြှင့်ခိုင်းလိုက်တာဖြစ်တဲ့အတွက် CPU နိမ့်တဲ့ ကွန်ပြူတာတွေဆိုရင်တော့ Hang သွားတတ်ပါတယ် .. အဲဒီလိုဖြစ်သွားရင်တော့ Restart ပေးလိုက်မှ Normal ပြန်ဖြစ်သွားမှာပါ ..
စမ်းသုံးကြည့်ချင်တယ်ဆိုတော့ အောက်မှာဒေါင်းလိုက်ပါ


Download >>> ဒီမှာကလစ်ပါ <<<

ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက speeder.exe ဖိုင်လေးကို run ပြီး install လုပ်လိုက်ပါ ..
install လုပ်ပြီးတဲ့အခါ ဖွင့်သုံးလိုက်တာနဲ့ Register တောင်းပါလိမ့်မယ် .. အဲဒီအခါ Register ကိုနှိပ်လိုက်ပြီး နောက်ထပ် keygen ဆိုတဲ့ဖိုင်လေးကို run လိုက်ပါ
ပွင့်လာတဲ့ထဲက နံမည်ကို ကော်ပီကူးယူပြီး Register Form ထဲက User name အကွက်ထဲမှာ Paste လုပ်ပါ ..
keygen ထဲက key တွေကို ကော်ပီကူးယူပြီး Register Form ထဲက Key အကွက်ထဲမှာ Paste လုပ်လိုက်ပါ ..
အဲဒီအခါမှာ Speeder XP ဆော့ဝဲလေးဟာ Full Version ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ် ..
ကဲ ... သူငယ်ချင်းတို့ရဲ့ CPU လုပ်ဆောင်ချက်ကို တိုးမြှင့်ချင်တယ်ဆိုရင်တော့ Fast ဆိုတဲ့ဖက်ကို မြှားလေးကိုရွှေ့ပေးပြီး Apply ကိုနှိပ်ပေးလိုက်ပါ .. (အဆုံးထိတော့ မရွှေ့သင့်ပါဘူး .. Hang သွားတတ်လို့ပါ .. မတော်တဆ Hang သွားတယ်ဆိုရင်လည်း Restart ချလိုက်ရင် ပြန်ပြီး အဆင်ပြေသွားပါတယ် )

Windows အားလုံးမှာ အသုံးပြုလို့ ရပါတယ်

ကဲသူငယ်ချင်းတို့ရဲ့ ကွန်ပြူတာကို မြန်နှုန်းမြင့်မြင့်နဲ့ ခိုင်းစေကြည့်ပြီး အဆင်ပြေနိုင်ကြပါစေဗျာ

No comments:

Post a Comment