Folder လေးတွေကို အရောင်ခြယ်ကြမယ်

Windows ကို အလှဆင်တာ ၀ါသနာပါတဲ့သူငယ်ချင်းတွေအတွက် ကျွန်တော် တော်တော်သဘောကျတဲ့ ဆော့ဝဲလေးတစ်ခုကို မျှဝေပေးပါ့မယ် .
ဒီပုံထဲကလို Folder တွေကို အရောင်လှလှလေးတွေ ပြောင်းပေးမယ့် ဆော့ဝဲလေး မျှဝေပေးမလို့ပါ ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ








ကဲ .. Install လုပ်ပြီးသွားပြီ ဆိုပါတော့ ..
ဖိုလ်ဒါတွေကို အရောင်ပြောင်းကြစို့ ..
ဖိုလ်ဒါတွေကို အရောင်းပြောင်းတဲ့နေရာမှာ နည်းနှစ်နည်းရှိပါတယ် ..
အော် .. မေ့တော့မလို့ ဒီဆော့ဝဲက Format Factory ဆော့ဝဲတွေလိုပဲ မြန်မာဖောင့်ကို မထောက်ပံ့ဘူးဗျ ..
ဒါကြောင့် ကိုယ်အရောင်ပြောင်းမယ့် ဖိုလ်ဒါကို အင်္ဂလိပ်စာလုံးနဲ့ အရင်ပေးထား ..
အယ် .. စိတ်ညစ်သွားတာလား .. မညစ်ပါနဲ့ဗျ .. အရောင်ပြောင်းပြီးသွားရင် မြန်မာလို Rename ပြန်လုပ်လို့ရပါတယ် .. အဲဒီလိုကျတော့ လက်ခံပါတယ် ..
ကဲ .. ပထမနည်းက ..
ဝင်းဒိုးရဲ့ ဘယ်ဖက်အောက်ဒေါင့်က Start ကိုသွာလိုက် .. သူ့ကိုနှိပ်ရင် All programs ထွက်မယ် .. အဲဒီထဲမှာ Folder Icon XP ဆိုတဲ့ Program ကိုလိုက်ရှာ အခုမှ
 Install လုပ်လိုက်တာဆိုရင် ရှာစရာမလိုဘူး .. ချက်ချင်းတွေ့တယ် .. (ဆော့ဝဲနံမည်က Folder Icon XP ဆိုလို့ ၀င်းဒိုး 7 တွေအတွက် မရဘူးလို့များ စိတ်ညစ်မသွားနဲ့ ဒီပို့စ်မှာ
လုပ်ပြထားတာတွေက Window 7 ပေါ်မှာ လုပ်ပြထားတာဗျ .. ၀င်းဒိုး 8 မှာ အလုပ် လုပ်မလုပ်တော့ မသိဘူး .. စမ်းကြည့်ပြီးရင်လည်း ကျွန်တော့်ကို ၀င်းဒိုး 8 မှာရမရ Confirm
 ပြန်ကြပါဦး .(ပုံကြည့်ရတာဝါးနေရင် ပုံပေါ်ကို Mouse တင်လိုက်ပါဗျို့)



ကဲ .. All Programs ထဲက Folder Icon XP ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း အရောင်ပြောင်းမယ့် ဖိုလ်ဒါကို ရွေးစရာ Box တက်လာမယ် ..


အဲဒီထဲက ကိုယ်အရောင်ပြောင်းချင်တဲ့ ဖိုလ်ဒါကို ရွေးပြီး အောက်နားက Ok ကိုနှိပ်ပေးလိုက် .. ပြီးရင်နောက်ထပ် Box တစ်ခုတက်လာတဲ့ထဲမှာ ကိုယ်ပြောင်းချင်တဲ့အရောင်ကို ရွေးပေးလိုက် .. Apply နှိပ် .. Ok နှိပ် ..
ခဏလောက်စောင့်လို့မှ အရောင်မပြောင်းဘူးဆိုရင် ကွန်ပြူတာကို Refresh လုပ်ပေးလိုက် (Refresh နော် .. Restart ဟုတ်ဘူးဗျ .. Right Click >> refresh >> f5 အဲဒါမျိုးကိုပြောတာ)..
ဖိုလ်ဒါရဲ့အရောင် ပြောင်းသွားပြီဆိုမှ ကိုယ်က မြန်မာလိုနံမည်ပေးချင်တယ်ဆို ပြန်ပြီး Rename လုပ်လိုက် .. အိုကေသွားရော .
ကဲ .. ဒုတိယနည်း ..
ဒီနည်းကို မလုပ်စေချင်ဘူး .. ဘာကြောင့်လဲဆိုတော့ CPU ကို သိသိသာသာကြီး ခိုင်းလိုက်တာမို့ ..
ဒီနည်းက လွယ်တော့လွယ်တယ် .. ကိုယ် အရောင်ပြောင်းချင်တဲ့ ဖိုလ်ဒါပေါ်မှာ Right Click နှိပ်လိုက် .. ပွင့်လာတဲ့ Context  Menu ထဲမှာ ဒီဆော့ဝဲရဲ့ အိုင်ကွန်လေးဝင်နေလိမ့်မယ် . .
အဲဒီအိုင်ကွန်လေးပေါ်ကို မြှားလေးရွှေ့ပေးလိုက်ရင် ဘေးနားမှာ ဖိုလ်ဒါတွေ အရောင်ပေါင်းစုံနဲ့ ပွင့်လာလိမ့်မယ် ..


အဲဒီထဲကမှ ကိုယ်ပြောင်းချင်တဲ့အရောင်ကို ရွေးပြီးနှိပ်ပေးလိုက် .. စက်က နည်းနည်းတော့ Busy ဖြစ်သွားမယ် .. ခဏလောက်စောင့်ပေးလိုက်လို့မှ Busy Sign လေး ပျောက်သွားတာတောင် အရောင်မပြောင်းသေးဘူးဆိုရင် ကွန်ပြူတာကို Refresh လုပ်ပေးလိုက် (Refresh နော်) .. အရောင်ပြောင်းသွားလိမ့်မယ် ..
ကဲ .. သူငယ်ချင်းများ ဖိုလ်ဒါအရောင်လှလှလေးတွေနဲ့ ကြည်နူးနိုင်ကြပါစေဗျာ

No comments:

Post a Comment