Mozilla Browser တွင် error ရှင်းအောင် ပြုပြင်နည်း


ကျွန်တော်တို့နိုင်ငံမှာ အသုံးများတဲ့ Mozilla Browser ကို အမှားကင်းကင်းနဲ့ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် .. ကျွန်တော်တို့ သူ့ကို အသုံးပြုခဲ့တဲ့ ကာလတလျောက်လုံးမှာ ကျွန်တော်တို့မသိဘဲ ဖြစ်ပေါ်နေတဲ့ ERROR တွေကို ရှင်းပေးဖို့လိုပါတယ် ..
အဲဒီလိုမလုပ်မိဘဲ သုံးနေမိမယ်ဆိုရင် အင်တာနက်အသုံးပြုရတာ တစ်နေ့တစ်ခြား လေးလံလာတတ်ပါတယ် .. Error loading page တွေ Problem loading page တွေလိုများ အင်တာနက် Website တွေဖွင့်လိုက်တိုင်း ပြဿနာတွေ တက်တက်နေတတ်ပါတယ် .. အဲဒီလိုမျိုး Error တွေ ကြုံတွေ့နေရပြီဆိုရင်တော့ သူငယ်ချင်းတို့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း ပြုပြင်ပေးလိုက်ပါ ... အဲဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Mozilla Browser ဟာ အသစ်အတိုင်းပကတိ ပြန်ဖြစ်သွားပြီး မြန်ဆန်သွက်လက်လာမှာ ဖြစ်ပါတယ် ..
ကဲ .. စလိုက်ကြရအောင် ..
၁။ သူငယ်ချင်းတို့ရဲ့ run မှာ %TEMP% လို့ ရိုက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ .. အဲဒီအခါ Roaming ဆိုတဲ့ Folder လေး ပွင့်လာမှာဖြစ်ပါတယ်
၂။ အဲဒီပွင့်လာတဲ့ Folder ထဲက Mozilla ဆိုတဲ့ Folder ကို ကလစ်ပေးလိုက်ပါ .. ပြီးရင် Shift ကီးနဲ့ Delete ကီးကို တွဲပြီးနှိပ်ပေးလိုက်ပါ .. အဲဒီ Mozilla folder ဟာ recycle bin ထဲမှာတောင် မကျန်အောင် လုံးဝ ပျက်သွားပါလိမ့်မယ် ..
၃။ ပြီးရင်တော့ Task bar မှာ ရှိနေတဲ့ Mozilla အိုင်ကွန်ကိုဖွင့်ပေးလိုက်ပါ .. လိုအပ်တဲ့ Setting တွေနဲ့ Add on တွေကို Mozilla အသစ်ကိုလုပ်ဆောင်သလိုပဲ ပြန်လုပ်ပေးလိုက်ပါ ..
အားလုံးပြီးရင်တော့ သူငယ်ချင်းတို့ရဲ့ Mozilla Firefox Browser ဟာ သူငယ်ချင်းတို့ ဖွင့်ချင်တဲ့ Website တွေကို သစ်လွင်မြန်ဆန်စွာနဲ့ ကူညီဖွင့်လှစ်ပေးသွားတာကို တွေ့ရပါလိမ့်မယ် ..

အားလုံးကို ခင်မင်လေးစားလျှက်
ဇော်မျိုး (Double Star - ကသာမြို့)

No comments:

Post a Comment