Opera Browser မှာ မြန်မာဖောင့်ပြဿနာဖြေရှင်းနည်း


Opera Browser မှာ မြန်မာလိုပေါ်အောင် လုပ်ရခက်တယ်ဆိုလို့ ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ် .. ဘယ် Setting မှာမှ သွားပြီး ချိန်ညှိနေစရာ မလိုပါဘူး ..ကိုယ့်စက်ထဲမှာတော့ Opera Browser ကို install လုပ်ထားပြီးသား ဖြစ်နေရပါမယ် .. Browser ကိုလည်း ဖွင့်ထားပေးပါ ...

ကဲ .. စကြစို့ ..
Opera Browser ကို ဖွင့်ထားပေးပါ ... 
(၁) Notepad တစ်ခုကို ဖွင့်လိုက်ပါ .. ( Start >> All Programs >> Accessories >> Notepad အဲဒီလို ၀င်ဖွင့်ချင်ဖွင့် .. ဒါမှမဟုတ်လည်း Desktop ပေါ်မှာ Right ကလစ်ထောက် .. New ကိုသွား အဲဒီကနေမှ Text Document ကိုရွေးလိုက်ရင်လည်း ရပါတယ်)
(၂) အဲဒီ Notepad ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်က Code လေးတွေကို Copy ယူပြီး Paste  အဲဒီ Notepad ထဲမှာ အောက်က Code လေးတွေကို Copy ယူပြီး Paste လုပ်လိုက်ပါ ( ရိုက်မထည့်စေချင်ပါဘူး .. တစ်ခုခု မှားသွားမှာစိုးလို့ပါ)
* , html, body, div, p{font-family:Zawgyi-One !important;}
ဒါကတော့ Code တွေကို Paste လုပ်ပြီးသွားတဲ့ Notepad ရဲ့ပုံပါ
(၃) အပေါ်က Code တွေကို Paste လုပ်ပြီးပြီဆိုရင် File ကိုနှိပ်လိုက်ပါ .. ကျလာတဲ့ထဲက Save as ကိုရွေးလိုက်ရင် .. Save as box တစ်ခုကျလာပါမယ် .. အဲဒီထဲက File name နေရာမှာ User.css (ဒါအရေးကြီးပါတယ် .. css ရဲ့ရှေ့က အစက်ကလေးဟာ Full stop အဖြစ်သုံးတဲ့ dot လေးပါ User.css မှာ ဘယ်နေရာမှာမှ Space bar မခြားပါဘူး ..  Encoding နေရာမှာ Unicode ကို ရွေးပေးပါ .. သိမ်းရမယ့်နေရာကိုတော့ လွယ်လွယ်ကူကူ Desktop ကိုပဲ ရွေးပေးလိုက်ပါ (As you like ပါ) ရှုပ်နေမှာစိုးလို့ Save as မှာ ပြင်ဆင်ပုံကို အောက်မှာ ပုံနဲ့ပြထားပါတယ်
(၄) အပေါ်ကပုံအတိုင်း ကွက်တိဖြစ်သွားပြီဆိုရင်တော့ Save ကိုနှိပ်လိုက်ပါ .. Desktop ပေါ်မှာ User.css ဆိုတဲ့နံမည်နဲ့ အောက်ကပုံအတိုင်း ဖိုင်လေးတစ်ဖိုင် ရောက်လာပါလိမ့် .. ဖွင့်ထားတဲ့ Notepad ကို ပိတ်လိုက်လို့ရပါပြီ (နံမည်ပေးတာမှားရင် အောက်ကလို ဖိုင်ပုံစံ ဖြစ်မလာပါဘူး)
 
(၅) Desktop ပေါ်က Opera Browser ရဲ့ icon လေးကို Right ကလစ်ထောက်လိုက်ပါ .. ကျလာတဲ့ Drop down box ထဲက Open file location ကိုနှိပ်လိုက်ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်
အဲဒီအခါ အောက်ကလို Opera Browser ရဲ့ File folder တစ်ခုပွင့်လာပါမယ် .. အောက်ကပုံကိုကြည့်ပါ
(၆) အစောပိုင်းတုန်းက Desktop ပေါ်မှာ သိမ်းယူထားတဲ့ User.css ဆိုတဲ့ ဖိုင်လေးကို အခုပေါ်လာတဲ့ ဖိုလ်ဒါထဲကို ဆွဲယူပြီး ထည့်လိုက်ပါ .. ( Copy လုပ်ပြီး Paste ပြန်လုပ်ချင်လည်း လုပ်လို့ရပါတယ် .. အဓိကကတော့ အဲဒီ User.css ဖိုင်ကို Opera ဖိုလ်ဒါထဲ ရောက်အောင်သွင်းပေးဖို့ပါပဲ ..) အဲဒီလိုထည့်တဲ့အခါ Prompt တက်လာရင် OK/Yes/Continue (လက်ခံတဲ့ Buttom တစ်ခုခုကို နှိပ်ပေးလိုက်ပါ) စက်တစ်လုံးနဲ့တစ်လုံး မတူလို့ပါ .. အဲဒီလို ထည့်လို့ပြီးသွားရင်တော့ ကိုယ်ထည့်လိုက်တဲ့ User.css ဖိုင်လေးကို အောက်ကပုံအတိုင်း Highlight  လေးနဲ့ တွေ့နေရမှာ ဖြစ်ပါတယ် .. (အဲဒါမှလည်း သေချာပေါက် ရောက်တယ်လို့ ယူဆရပါမယ်)
(၇) အထက်က အဆင့်တွေကို အားလုံးပြီးသွားပြီဆိုရင်တော့ ပွင့်နေတဲ့ Box တွေကို ပိတ်လိုက်လို့ ရပါပြီ .. ဖွင့်ထားတဲ့ Opera Browser ကိုလည်း ပိတ်လိုက်ပါ .. သူ့ကို ပြန်ဖွင့်လိုက်တဲ့အခါမှာတော့ မြန်မာစာတွေကို Opera ရဲ့ ဘယ်နေရာမှာ ရေးရေး .. တစ်သွေးတစ်မွေးနဲ့ အခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ် ..
ဘာ Setting ကိုမှ ချိန်နေစရာ မလိုပါဘူး .. တကယ်လို့ User.css ဖိုင်ရေးဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် .. Comment မှာ တောင်းခဲ့ပါ .. ကျွန်တော်တင်ပေးလိုက်ပါ့မယ် .. ကဲ .. Opera နဲ့ပတ်သက်ပြီး ပျော်စရာတွေ ဖြစ်ကြပါစေဗျာ ...။

No comments:

Post a Comment