Website တစ်ခုလုံးကို ဒေါင်းယူထားပြီး Offline လေ့လာလိုသူများအတွက်

ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ Online မှာ နည်းပညာတွေလေ့လာရင်း Website တွေထဲမှာ လှည့်ပတ်ပညာဆည်းပူးလေ့ရှိပါတယ် .. ဒါပေမယ့် ကွန်နက်ရှင်မကောင်းတဲ့ အချိန်မျိုးဆိုရင်တော့ Website တွေကိုဖွင့်ဝင်တဲ့နေရာမှာ အခက်အခဲလေးတွေရှိလာတတ်ပါတယ် .. အဲဒီလိုအချိန်မျိုးမှာ အင်တာနက် ကွန်နက်ရှင်မလိုပဲ Website တွေကို Offline အဖြစ်လေ့လာနိုင်ဖို့ အဲဒီ Website တွေကို Download လုပ်ယူထားနိုင်မယ်ဆိုရင် အဆင်ပြေပါတယ် .. ဒီတော့ ကျွန်တော်က သူငယ်ချင်းတို့ကို အဲဒီပြဿနာကို အဆင်ပြေစေမယ့် ဆော့ဝဲလေးတစ်ခုကို မျှဝေပေးချင်ပါတယ် .. အဲဒီဆော့ဝဲလေးက Website ကြီးတစ်ခုလုံးကို Download လုပ်ပြီးယူတဲ့နေရာမှာ အဆင်ပြေစေမှာဖြစ်ပါတယ် ..
တစ်ခုရှိတာက သူငယ်ချင်းတို့ Download လုပ်မယ့် Website ရဲ့ အရွယ်အစားပေါ်မူတည်ပြီး Download Complete ဖြစ်မယ့်အချိန်ကတော့ ကြာကောင်းကြာသွားနိုင်ပါတယ် .. ဒါပေမယ့် Complete ဖြစ်သွားပြီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာထဲမှာ သူငယ်ချင်းတို့လေ့လာချင်တဲ့ Website ကြီးတစ်ခုလုံးကို သူငယ်ချင်းတို့ ကြိုက်တဲ့အချိန်မှာ ဖွင့်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ် .. ကဲ .. အဲဒီဆော့ဝဲလေးကို လိုချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ် .. ကျွန်တော်လည်း International Social Network Myanmar ကနေတွေ့လို့ ပြန်လည်မျှဝေပေးလိုက်တာဖြစ်ပါတယ် ..


Download <<< ဒီမှာနှိပ်ပါ >>>

No comments:

Post a Comment